တရုတ်နိုင်ငံတွင် ယခုနှစ် ဒီဇင်ဘာ ၂၁ ရက်သည် ဆောင်းယဉ်စွန်းရာသီချိန် (တုန်းကျစ်) ဖြစ်ရာ တရုတ်နိုင်ငံ ပေကျင်းမြို့ နွေရာသီစံနန်းတော်ရှိ ဆယ့်ခုနစ်ပေါက် ခုံးတံတား၏ “ရွှေအိုရောင် တံတားပေါက်” အလှမြင်ကွင်းက ခရီးသွားဧည့်သည်နှင့် ဓာတ်ပုံဝါသနာရှင်များကို ရှုစားရိုက်ကူးရန် ဆွဲဆောင်ခဲ့သည်။ထို့အပြင် ထိုခုံးတံတားသို့ လာရောကိလညိပတ်ကြသည့် ခရီးသွားဧည့်သည်များလည်း ယခင်နှစ်များထပ် ပိုမိုများပြားလာနေပါသည်။



