menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ထိုင်း ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးကြီးကြောင့် မြန်မာအလုပ်သမား "၅,၀၀၀"နီးပါး ဖမ်းဆီးခံလိုက်ရ

Dec 22 • 3:13 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

မျှဝေမည်

share-news
cover

ထိုင်း ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးကြီးကြောင့် မြန်မာအလုပ်သမား "၅,၀၀၀"နီးပါး ဖမ်းဆီးခံလိုက်ရ

ထိုင်းနိုင်ငံ၏ ဒုတိယ ရဲမင်းကြီး ရဲဗိုလ်ချုပ်ကြီး ဆမ်ရန် နွဲလ်မာ ဦးဆောင်သော တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်သည့် ‘OPERATION BAD GUYS OUT’ စစ်ဆင်ရေးကို ဒီ...

cover-photo

ထိုင်းနိုင်ငံ၏ ဒုတိယ ရဲမင်းကြီး ရဲဗိုလ်ချုပ်ကြီး ဆမ်ရန် နွဲလ်မာ ဦးဆောင်သော တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်သည့် ‘OPERATION BAD GUYS OUT’ စစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဆင်နွှဲခဲ့ကြောင်း သိရသည်။နိုင်ငံတဝှမ်းရှိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထားသည့် ဤစစ်ဆင်ရေးတွင် နေရာ ၁၄၄ ခုကျော်ကို ရှာဖွေစစ်ဆေးခဲ့ပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ခရီးသွားရဲတပ်ဖွဲ့ နှင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့သည်။ချွန်ဘူရီပြည်နယ်ရှိ ဘန်လမွန်နှင့် ဆီရာချာခရိုင်များတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးတစ်ခုတည်းတွင်ပင် ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်အား စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူ ၂၅၀ ကျော်ကို ဖမ်းဆီးတွေ့ရှိခဲ့ကြောင်း သိရသည်။စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများအရ ဖမ်းဆီးမှုပေါင်း ၁၂,၈၃၃ မှု ရှိခဲ့ပြီး နိုင်ငံအလိုက် ဖမ်းဆီးခံရသူများတွင် မြန်မာ (၄,၉၂၃ ဦး)၊ ကမ္ဘောဒီးယား (၅၀၆ ဦး)၊ လာအို (၅၀၇ ဦး) အပါအဝင် အခြားနိုင်ငံသား ၃,၀၄၇ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ပြည်သူများအား တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် တရားမဝင်လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို ၂၄ နာရီပတ်လုံး ၁၉၁ သို့မဟုတ် ၁၅၉၉ ဖုန်းနံပါတ်များသို့ သတင်းပေးပို့ရန် တိုက်တွန်းထားသည်။

news-view-count-icon

40

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ထိုင်းအစိုးရက M6 Motorway ကို ၁၁ ရက်တိတိ အခမဲ့ ဖွင့်ပေးမည်

စင်ကာပူရေပိုင်နက်အတွင်း တရားမဝင်ခိုးဝင်လာသည့် အင်ဒိုနီးရှားအမျိုးသား (၆) ဦး ဖမ်းဆီးခံရ

cover-photo
right-arrow-icon