ထိုင်းအစိုးရက Bang Pa-In နဲ့ Nakhon Ratchasima ကို ၂၀၂၆ နှစ်သစ်ကူးအတွက် ၁၉၆ ကီလိုမီတာ အရှည်ရှိတဲ့ ဟိုင်းဝေးလမ်းကို အခမဲ့ ဖွင့်ပေးသွားမယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၉ က အတည်ပြုပေးတာဖြစ်ပြီး နှစ်သစ်ကူး ပိတ်ရက် လူတွေ အိမ်ပြန်ချိန်မှာ ကား ပိတ်တာလျှော့ချဖို့ စီစဥ်ပေးတာလို့ဆိုပါတယ်။ ဒီီဇင်ဘာ ၂၆ ရက်ကနေ ဇန်နဝါရီ ၅ ရက် ၂၀၂၆ အထိ ၁၁ ရက်တာ ငွေကြေးမကောက်ဘဲ ဖွင့်ထားပေးမှာဖြစ်ပါတယ်။လမ်းကြောင်း အခြေအနေတွေကတော့ အနည်းငယ်ပြောင်းမှာဖြစ်ပြီး Bang Pa-In ကနေ Pak Chong ကို One Way အနေနဲ့ ဒီဇင်ဘာ ၂၆ ရက် ကနေ ဇန်နဝါရီလ ၁ ရက် ညသန်းခေါင်အထိ မောင်းနှင်ကြရမှာပါ။ ဒီလမ်းက ဘန်ကောက်ကနေ အထွက်လမ်းဖြစ်မှာဖြစ်ပါတယ်။



