back

ရခိုင်ပြည်နယ်၊ငပလီကမ်းခြေက အခမဲ့ အဂ်လိပ်စာသင်တန်းကျောင်း တည်ထောင်သူ ဗြိတိန်တော်ဝင်မိသားစုက ချီးမြင့်သည့် MBE ဆုကို ရရှိ

Dec 22 • 3:11 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊ငပလီကမ်းခြေက အခမဲ့ အဂ်လိပ်စာသင်တန်းကျောင်း တည်ထောင်သူ ဗြိတိန်တော်ဝင်မိသားစုက ချီးမြင့်သည့် MBE ဆုကို ရရှိ

ရခိုင်ပြည်နယ်၊ငပလီကမ်းခြေဒေသက The Vera Thomson English School ကို တည်ထောင်ခဲ့သူ "မာမီဆူး"ဟာ ဗြိတိန် တော်ဝင်မိသားစုက ချီးမြင့်တဲ့ Member of the Order of the B...

ရခိုင်ပြည်နယ်၊ငပလီကမ်းခြေဒေသက The Vera Thomson English School ကို တည်ထောင်ခဲ့သူ "မာမီဆူး"ဟာ ဗြိတိန် တော်ဝင်မိသားစုက ချီးမြင့်တဲ့ Member of the Order of the British Empire (MBE) ဆုကို ဒီဇင်ဘာလ ထဲ မှာ ရရှိခဲ့ပါတယ်။ တော်ဝင်အခမ်းအနားတစ်ရပ်မှာ MBE ဆုတံဆိပ်ကို ကိုင်ဆောင်ထားပြီး တရားဝင်ဓာတ်ပုံရိုက်ကူးထားတဲ့ ပုံကို ဒီဇင်ဘာ ၆ ရက်က ကျောင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတင်ထားတာဖြစ်ပါတယ်။ MBE ဆု ဆိုတာကတော့ လူမှုဝန်ထမ်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍများတွေမှာ ထူးခြားစွာ အကျိုးပြုလုပ်ဆောင်သူတွေကို ဗြိတိန်နိုင်ငံက အသိအမှတ်ပြု ချီးမြင့် တဲ့ ဆုတစ်ခုဖြစ်ပြီး ပါတယ်။ အဲ့ဒီကျောင်းဟာ ငပလီကမ်းခြေဒေသက ကလေးတွေနဲ့ လူငယ်တွေ အတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စေဖို့ ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ ကျောင်းဖြစ်ပါတယ်။ဒေသခံတွေရဲ့ ပညာရေး အဆင့်မြှင့်တင်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ကူညီ ခဲ့တဲ့ ကျောင်းလည်း ဖြစ်ပါတယ်။

news-view-count-icon

37