ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ဓာတ်ဆီသိုလှောင်ရာမှတဆင့် ရွှေဆိုင်အပါအဝင် ဆိုင်ခန်းလေးခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၁၂ နာရီကျော်က ကျောက်တော်မြို့၊ ဦးဥတ္တမပန်းခြံရှေ့တွင် ဓာတ်ဆီသိုလှောင်ရာမှတဆင့် ရွှေဆိုင်အပါအဝင် ဆိုင်ခန်းလေခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။“ဓာတ်ဆီဝှက်ထားရာကနေ မီးလောင်လောင်တာလို့ ပြောတယ်။ ရွှေမင်းရာဇာရွှေဆိုင်၊ အောင်သုခဆေးဆိုင်၊ မြတ်တခွန်မိတ္တူဆိုင်နဲ့ မတင်အေးကုန်စုံဆိုင်လို့ပြောတယ်။ လူထိခိုက်တာတော့ မကြားမိဘူး။ စုစုပေါင်း ဆိုင်ခန်းလေးခန်းလို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
Dec 22 • 2:04 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 28 | 0 | 0 | 0 |


