back

မြန်မာနိုင်ငံမှ ၈ လအတွင်း ပြည်ပသို့ ပုစွန်တန်ချိန် ၇,၀၀၀ ကျော်တင်ပို့ထား

Dec 22 • 2:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံမှ ၈ လအတွင်း ပြည်ပသို့ ပုစွန်တန်ချိန် ၇,၀၀၀ ကျော်တင်ပို့ထား

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် (၈)လတာ ကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၇,၀၀၀ ကျော် တင်ပို့နိုင်ခဲ့...

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် (၈)လတာ ကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၇,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ (၈)လတာ ကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၇,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံမှ ပုစွန် အပါအဝင် ငါး စသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပုစွန်တန်ချိန် ၉,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

29