မွန်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကို အခွန်ရှောင်သည့်ကိစ္စဖြင့် မြန်မာအာဏာပိုင်များက ခေါ်ယူ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရပါသည်။လက်ရှိ စစ်ဆေးခံရသူများသည် မော်လမြိုင်မြို့ပေါ် စက်သုံးဆီလုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်းရှင်များ၊ စားသောက် ကုန်လုပ်ငန်းရှင်များနှင့် ကုန်သည်အချို့ပါဝင်ကြောင်း သိရသည်။၎င်းတို့ကို မည်သည့်နေရာတွင် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့သည်ကို အတည်မပြုနိုင်သော်လည်း အားလုံးကို တပြိုင်နက် စစ်ဆေးမေးမြန်းခဲ့ခြင်း မဟုတ်ကြောင်း သတင်းအရင်းအမြစ်အချို့က ပြောသည်။အဆိုပါ လူများ၏ ငွေဝင်ထွက်ငွေဘဏ်စာရင်းများသာမက ၎င်းတို့ ကူညီထောက်ပံ့လှူဒါန်းထားသည့် အဖွဲ့အစည်းများ ရှိပါက ယင်းအဖွဲ့အစည်းများကို စစ်ဆေးနေကြောင်း ပြည်နယ်အခွန်ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။



