back

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ရှိ စကြာပန်းတောင်း စေတီတော်မြတ်ကြီးတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

Dec 22 • 2:00 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ရှိ စကြာပန်းတောင်း စေတီတော်မြတ်ကြီးတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယမန်နေ့က ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအန...

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယမန်နေ့က ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအနီးရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီးတွင် ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။စကြာပန်းတောင်းစေတီတော်မြတ်ကြီးအား ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် စေတီတော်ရင်ပြင်အား ရေဖြင့်ဆေးကြော၍ သန့်ရှင်းရေးပြုလုပ်ခြင်း ၊ ရင်ပြင်တော်ပေါ်ရှိ ရှစ်မျက်နှာဘုရားအား ရေသပ္ပါယ်ခြင်း ၊ စေတီတော်ပရဝုဏ်အတွင်း ၊ အပြင်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း ၊ တံမြက်စည်းလှဲ ခြင်းတို့ကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး စေတီတော်မြတ်ကြီးအား ပန်း ၊ ရေချမ်း ၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

25