back

စင်ကာပူရေပိုင်နက်အတွင်း တရားမဝင်ခိုးဝင်လာသည့် အင်ဒိုနီးရှားအမျိုးသား (၆) ဦး ဖမ်းဆီးခံရ

Dec 22 • 3:28 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူရေပိုင်နက်အတွင်း တရားမဝင်ခိုးဝင်လာသည့် အင်ဒိုနီးရှားအမျိုးသား (၆) ဦး ဖမ်းဆီးခံရ

စင်ကာပူ၌ ဒီဇင်ဘာလ (၂၁) ရက် တနင်္ဂနွေနေ့ နံနက်အစောပိုင်း (၁၂) နာရီ (၃၅) မိနစ်ခန့်တွင် နို ရေပိုင်နက်အတွင်းသို့ သစ်သားလှေတစ်စီးဖြင့် တရားမဝင် ခိုးဝင်ရန် ကြိုးပမ်...

စင်ကာပူ၌ ဒီဇင်ဘာလ (၂၁) ရက် တနင်္ဂနွေနေ့ နံနက်အစောပိုင်း (၁၂) နာရီ (၃၅) မိနစ်ခန့်တွင် နို ရေပိုင်နက်အတွင်းသို့ သစ်သားလှေတစ်စီးဖြင့် တရားမဝင် ခိုးဝင်ရန် ကြိုးပမ်းခဲ့ကြသည့် အသက် (၂၃) နှစ်မှ (၂၉) နှစ်အတွင်းရှိ အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား (၆) ဦးကို စင်ကာပူ ကမ်းခြေစောင့်ရဲတပ်ဖွဲ့ (Police Coast Guard - PCG) က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ကမ်းခြေစောင့်ရဲတပ်ဖွဲ့က အဆိုပါလှေကို ကြားဖြတ်ဟန့်တားကာ လှေပေါ်ပါလာသည့် အမျိုးသား (၆) ဦးလုံးကို တရားမဝင် ဝင်ရောက်မှုဖြင့် အခင်းဖြစ်နေရာ၌ပင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ကနဦး စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ အင်ဒိုနီးရှားအမျိုးသားများသည် စင်ကာပူနိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ကာ အလုပ်အကိုင် ရှာဖွေရန် ရည်ရွယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့သည် လာမည့် တနင်္လာနေ့တွင် တရားရုံး၌ တရားစွဲဆိုခြင်း ခံရမည်ဖြစ်ပြီး၊ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် (၆) လနှင့် အနည်းဆုံး ကြိမ်ဒဏ် (၃) ချက်စီ ကျခံရဖွယ် ရှိနေသည်။ပြစ်ဒဏ်များ ကျခံပြီးနောက် ၎င်းတို့ကို အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင် (Deport) မည်ဖြစ်ပြီး၊ နောင်တွင် Singapore နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင် (Blacklist) ခံရဖွယ် ရှိပါသည်။

news-view-count-icon

20