ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက် နမ္မတူမြို့နဲ့ သီပေါမြို့ကြားထဲမှာရှိတဲ့ ကျေးရွာတစ်ရွာမှာ အသက် ၂၄ အရွယ်ရှိ ကိုအောင်ဌေးက အသက် ၁၀ နှစ်အရွယ်သာရှိသေးတဲ့ နန်းစိန် (အမည်လွဲဲ) ကို ခြိမ်းခြောက်ပြီး အဓ္မမပြုကျင့်ခဲ့တာလို့ သိရပါတယ်။နန်းစိန် (အမည်လွဲ) ဟာ ကျောင်းပိတ်ရက်တိုင်းမှာ သူ့ညီအမတွေနဲ့ တောင်ယာမှာရှိတဲ့မိဘတွေကို တောင်ယာအလုပ်ကူလုပ်ပေးလေ့ရှိတဲ့လူ ဖြစ်ပြီး အဲတနင်္ဂနွေနေ့ ညပိုင်း ၇ နာရီနဲ့ ၈ နာရီအချိန်မှာ တောင်ယာမှာ မိဘတွေမရှိတဲ့အချိန်ဖြစ်တာကြောင့် ညီအစ်မတွေနဲ့သာရှိတဲ့နေရာကို ကိုအောင်ဌေးက လာရောက်ပြီး နန်းစိန် (အမည်လွဲ) ကို အဓမ္မပြုကျင့်သွားခဲ့တာလို့ စုံစမ်းသိရပါတယ်။



