ရက္ခိုင်ပြည်၊ ဂွမြိုနယ်၊ ကျိန္တလီမြို့တွင် စစ်ကျန်လက်နက်ကို ဆော့ကစားရာမှ လူထိခိုက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။အဆိုပါ ပေါက်ကွဲမှုကြောင့် ကျိန္တလီမြို့၊ မေတ္တာပေါင်းကူးလမ်းတွင် နေထိုင်သူတွေဖြစ်တဲ့အသက် ၁၄ နှစ်အရွယ် မောင်သတ္တိ သေဆုံးကာ အသက် ၁၄ နှစ်အရွယ် အောင်သူစိုး နဲ့ အသက် ၁၃ နှစ်အရွယ် နေမျိုးကျော်(ခ)အလင်းဆက်တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။



