ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားဒေသရှိ အာလူးစိုက်တောင်သူများသည် ယခုနှစ်တွင် သွင်းအားစုစရိတ်များ မြင့်မားသော်လည်း အာလူးဈေးမှာ ယခင်နှစ် ပိဿာလျှင် ၆,၀၀၀ ကျပ်မှ ယခု ၂,၀၀၀ ကျပ်ဝန်းကျင်အထိ ထိုးကျသွားခြင်းကြောင့် အကြီးအကျယ် အရှုံးပေါ်လျက်ရှိသည်။ ထို့ပြင် လမ်းခရီးရှိ ဂိတ်များတွင် ငွေကြေးအဆမတန် တောင်းခံမှုများကြောင့် ပွဲစားများ ကျေးရွာအထိ လာရောက်ဝယ်ယူခြင်း မရှိတော့ဘဲ တောင်သူကိုယ်တိုင် အောင်ပန်းဈေးအထိ သွားရောက်ရောင်းချနေရသဖြင့် သယ်ယူစရိတ် ပိုမိုကုန်ကျကာ မိသားစုစားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အာလူးဈေး အဆမတန်ကျဆင်းပြီး သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ပင်လောင်းတောင်သူများ အရှုံးပေါ်လျက်ရှိ
Dec 21 • 6:55 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 31 | 0 | 0 | 0 |


