မလေးရှားရဲတပ်ဖွဲ့(Bukit Aman CCID) ၏ အချက်အလက်များအရ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း တယ်လီကွန်လိမ်လည်မှုများတွင် အသက် ၂၁ နှစ်မှ ၃၀ နှစ်ကြား လူငယ်လူရွယ်များ သားကောင်အများဆုံးဖြစ်ခဲ့သည်။ အသက် ၂၁-၃၀ အုပ်စုတွင် ၈,၇၈၉ ဦး အဓိကသားကောင်ဖြစ်ခဲ့ပြီး၊ အများဆုံးဖြစ်သည်။အသက် ၃၁-၄၀ : ၆,၈၂၅ ဦး၊အသက် ၄၁-၅၀ : ၄,၉၇၇ ဦး၊အသက် ၅၁-၆၀ : ၃,၃၈၂ ဦး၊အသက် ၆၀ အထက် ၂,၇၆၃ ဦး၊အသက် ၁၅-၂၀ : ၁,၉၆၂ ဦးဖြစ်ပါသည်။တိုင်ကြားခဲ့သော တယ်လီကွန်မှုခင်းစုစုပေါင်း ၂၈,၆၉၈ မှု ရှိပြီး၊ ခန်းမှန်းဆုံးရှုံးငွေ မလေးရီဂျစ် ၇၁၅ သန်း (အမေရိကန်ဒေါ်လာ ၁၅၁ သန်းခန့်) ရှိသည်။ရဲတပ်ဖွဲ့က လူထုအနေဖြင့် သတိထား၍ မည်သည့်လိမ်လည်မှုပုံစံကိုမဆို လွယ်ကူစွာ ယုံကြည်မခံရန် သတိပေးထားသည်။ လိမ်လည်မှုခံရပါက အမျိုးသား လိမ်လည်မှု တုံ့ပြန်ရေးဗဟိုဌာန (NSRC) သို့ ၉၉၇ နှင့် ဆက်သွယ်တိုင်ကြားရန်၊ Semak Mule ဝက်ဘ်ဆိုက် တွင် အချက်အလက်များ စစ်ဆေးရန်နှင့် ရဲစခန်းတွင် သတင်းပို့ရန် အကြံပြုထားသည်။
Dec 21 • 6:52 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


