back

အီလွန်မတ်စ်၏လစာ ၅၆ ဘီလီယံ ပြန်ပေးရန် တရားရုံးဆုံးဖြတ်

Dec 21 • 5:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီလွန်မတ်စ်၏လစာ ၅၆ ဘီလီယံ ပြန်ပေးရန် တရားရုံးဆုံးဖြတ်

ဒီလာဝဲလ်တရားလွှတ်တော်ချုပ်ရုံးက အီလွန်မတ်စ် ရသင့်တဲ့ CEO လုပ်ခလစာ ဒေါ်လာ ၅၆ ဘီလျံတန် pay package ပြန်ပေးဖို့ အမိန့်ချလိုက်တယ်လို့ ABC သတင်းမှာဖော်ပြထားပါတယ်။ဒီC...

ဒီလာဝဲလ်တရားလွှတ်တော်ချုပ်ရုံးက အီလွန်မတ်စ် ရသင့်တဲ့ CEO လုပ်ခလစာ ဒေါ်လာ ၅၆ ဘီလျံတန် pay package ပြန်ပေးဖို့ အမိန့်ချလိုက်တယ်လို့ ABC သတင်းမှာဖော်ပြထားပါတယ်။ဒီCEO လုပ်ခလစာက ၂၀၁၈ တုန်းက အီလွန်မတ်စ်ရဲ့ စွမ်းဆောင်မှုကြောင့်ရတဲ့ လစာဖြစ်တယ်လို့သိရပါတယ်။ဒါကို အစောပိုင်းမှာ ဒီလာဝဲလ်အောက်တရားရုံးက “လုပ်ခလစာပေးတာများလွန်းတယ်၊ မပေးသင့်ဘူး" ဆိုပြီး ပယ်ဖျက်ခဲ့တာပါ။ အဲဒီနောက် အမှုက တရားလွှတ်တော်ချုပ်ရုံးအထိရောက်လာပြီး အခုလိုဆုံးဖြတ်ချက် ထွက်လာတာဖြစ်ပါတယ်။တရားသူကြီးတွေရဲ့ အမိန့်က ရှင်းပါတယ်။ “၆ နှစ်တာ ပေးဆပ်ခဲ့တဲ့ သူ့အချိန်နဲ့ အားထုတ်ကြိုးပမ်းမှုတွေအတွက် လုပ်ခလစာမရသလို ဖြစ်ခဲ့တယ်၊ မတရားရာ ရောက်တယ်" ပြောပါတယ်။တကယ်က အီလွန်မတ်စ် စွမ်းဆောင်ရည်ကောင်းရင် ဒေါ်လာ ၅၆ ဘီလီယံ အထိ ပေးဖို့အစီအစဉ်က ရှယ်ယာရှင်တွေ ထောက်ခံခဲ့ကြတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Tesla ကို အောင်မြင်မှု ၁၂ ခု ယူပေးနိုင်ရင် အီလွန်မတ်စ်ကို စတော့ရှယ်ယာတွေ ဆုကြေးပေးမယ်၊ အလုပ်မဖြစ်ရင် လစာမယူနဲ့ဆိုတဲ့ စိန်ခေါ်ချက်နဲ့ လုပ်‌ဆောင်တာပါ။

ဒီစိန်ခေါ်ချက်တွေက ပေါ့သေးသေး မဟုတ်သလို အီလွန်မတ်စ်ကလည်း Tesla ကုမ္ပဏီ ဒေဝါလီခံလုလုအနေအထားကနေ ဈေးကွက်တန်ဖိုး ထရီလီယံနဲ့ချီပြီးရှိလာတဲ့အထိရောက်အောင် ဆွဲတင်ထားတာဖြစ်ပါတယ်။


news-view-count-icon

28