back

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် တောဆင်ရိုင်းအုပ်ကို ရထားတိုက်မိ၍ ဆင် ၇ ကောင်သေဆုံးပြီး ရထားတွဲများ လမ်းချော်မှုဖြစ်ပွား

Dec 21 • 5:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် တောဆင်ရိုင်းအုပ်ကို ရထားတိုက်မိ၍ ဆင် ၇ ကောင်သေဆုံးပြီး ရထားတွဲများ လမ်းချော်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၊ ဂူဝါဟာတီမြို့အနီးရှိ သစ်တောနယ်မြေတစ်ခုတွင် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မီးရထားသံလမ်းဖြတ်ကူးနေသည့် တောဆင်ရိုင်းအုပ်...

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၊ ဂူဝါဟာတီမြို့အနီးရှိ သစ်တောနယ်မြေတစ်ခုတွင် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မီးရထားသံလမ်းဖြတ်ကူးနေသည့် တောဆင်ရိုင်းအုပ်ကို အမြန်ရထားတစ်စင်းက ဝင်တိုက်မိရာ ဆင် ၇ ကောင်သေဆုံးပြီး ဆင်ပေါက်ငယ်တစ်ကောင် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်မိမှုကြောင့် ခရီးသည် ၆၅၀ လိုက်ပါလာသည့် ရထား၏ ခေါင်းတွဲနှင့် လူစီးတွဲ ၅ တွဲ လမ်းချော်မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ၊ စက်ခေါင်းမောင်းက အရေးပေါ်ဘရိတ်အသုံးပြုခဲ့သော်လည်း အရှိန်မသတ်နိုင်ဘဲ တိုက်မိခဲ့ခြင်းဖြစ်ကြောင်းနှင့် အာသံပြည်နယ်တွင် ယခုကဲ့သို့ ဆင်များကို ရထားတိုက်မိသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

news-view-count-icon

32