မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၅ အာဖရိကနိုင်ငံများဖလား (AFCON) ပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက် (ယနေ့) မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်အထိ မြို့ကြီး ၆ မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်မော်ရိုကိုနှင့် ကိုမိုရော့စ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ စုစုပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည့် ယခုပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁၁ ရှိ အိမ်ရှင်မော်ရိုကိုအသင်းမှာ ချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံးဖြစ်နေပြီး၊ အီဂျစ်အသင်းခေါင်းဆောင် ဆာလာကလည်း ၎င်း၏ ပထမဆုံးသော နိုင်ငံတကာဆုဖလားကို ရယူနိုင်ရန် မျှော်လင့်နေသလို လက်ရှိချန်ပီယံ အိုင်ဗရီကို့စ်အသင်းကလည်း ဆုဖလားကို ကာကွယ်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
Dec 21 • 5:08 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 36 | 0 | 0 | 0 |


