back

AI အပါအဝင် ထွန်းသစ်နည်းပညာများအား အမီလိုက်နိုင်ရေး လေ့လာကြရန် နည်းပညာတက္ကသိုလ်ကျောင်းသားများကို ဒုတိယဝန်ကြီး တိုက်တွန်း

Dec 21 • 5:33 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

AI အပါအဝင် ထွန်းသစ်နည်းပညာများအား အမီလိုက်နိုင်ရေး လေ့လာကြရန် နည်းပညာတက္ကသိုလ်ကျောင်းသားများကို ဒုတိယဝန်ကြီး တိုက်တွန်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ သွားရောက်စဉ် အင်ဂျင်နီယာဘာသာရပ် သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ သွားရောက်စဉ် အင်ဂျင်နီယာဘာသာရပ် သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် AI အပါအဝင် လျင်မြန်စွာ ပြောင်းလဲနေသော ထွန်းသစ်နည်းပညာများကို မျက်ခြေမပြတ် လေ့လာလိုက်ပါကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက် အမှန်တကယ်အားထားရသည့် နည်းပညာစွမ်းရည်ပြည့်ဝသော အင်ဂျင်နီယာကောင်းများဖြစ်စေရန် ရည်မှန်းချက်ထားကြိုးပမ်းရန်၊ နည်းပညာကျွမ်းကျင်မှုအပြင် ကျင့်ဝတ်စည်းကမ်းများကို လေးစားလိုက်နာရန်နှင့် နည်းပညာရှင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်လည်း အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

30