မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်တွင် ပုသိမ်ကြီး မြို့နယ်ရွေစာရံကျေးရွာ၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင်မီးသွေး ၄၅ ပေါင်ဝင် ၄၆ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃,၃၃၄)နှင့် အဆိုပါမီးသွေးများ တင်ဆောင်လာသည့် Hyundai Porter II တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၁၅၃,၃၃၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



