အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်လေးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းခုနစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၄,၅၇၁,၈၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၅,၀၈၃,၇၁၂)ကို ဖမ်းဆီးရမိခဲ့သည်။



