back

အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကိုကြိမ်ဒဏ် ၂၄ ချက်စင်ကာပူ အပြစ်ပေးမည်

Dec 21 • 3:57 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကိုကြိမ်ဒဏ် ၂၄ ချက်စင်ကာပူ အပြစ်ပေးမည်

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ ပါဝင်ပတ်သက်သူများကိုလာမည့် ဒီဇင်ဘာ ၃၀ ရက်မှစ၍ ကြိမ်ဒဏ် ၂၄ ချက်အထိ အပြစ်ပေးမည်ဖြစ်ကြောင်းစင်ကာပူအစိုးရက ဒီဇင်ဘာ ၁၉ ရက်တွင် သတင်...

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ ပါဝင်ပတ်သက်သူများကိုလာမည့် ဒီဇင်ဘာ ၃၀ ရက်မှစ၍ ကြိမ်ဒဏ် ၂၄ ချက်အထိ အပြစ်ပေးမည်ဖြစ်ကြောင်းစင်ကာပူအစိုးရက ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။အွန်လိုင်းလိမ်လည်မှုပြဿနာများ မြင့်တက်လာမှုကို တားဆီးရေးအတွက် ရာဇသတ်ကြီးဥပဒေ ပြင်ဆင်ချက်များအရ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ ပါဝင်သူများကို ကြိမ်ဒဏ် ၂၄ ချက်အထိ အပြစ်ပေးရန် စင်ကာပူအစိုးရက စီစဉ်ထားခြင်း ဖြစ်သည်။အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ ပါဝင်ပတ်သက်သူများအား ကြိမ်ဒဏ်ပေးနိုင်ရေးအတွက် ရာဇသတ်ကြီးဥပဒေ ပြင်ဆင်ချက်များကို စင်ကာပူလွှတ်တော်က ပြီးခဲ့သည့်လအတွင်း အတည်ပြုခဲ့ပြီးဖြစ်သည်။ဥပဒေ ပြင်ဆင်ချက်များအရ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအတွက်လူစုဆောင်းပေးသူ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ အဖွဲ့ဝင်အဖြစ် ပါဝင်နေသူများအပါအဝင် ပြစ်မှုကျူးလွန်သူ များကို ကြိမ်ဒဏ် ခြောက်ချက်မှ ၂၄ချက်အထိ ရိုက်နှက်အပြစ်ပေးနိုင်မည်ဖြစ်သည်။ယင်းအပြင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ငွေကြေးခဝါချနိုင်ရေးအတွက် ဘဏ်စာရင်းများနှင့် အခြားပုဂ္ဂိုလ်ရေးအချက်အလက်များ ပံ့ပိုးကူညီပေးသူများကိုလည်း ကြိမ်ဒဏ် ၁၂ ချက်အထိ ရိုက်နှက်အပြစ်ပေးနိုင်မည်ဖြစ်သည်။၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကြား ကာလအတွင်းစင်ကာပူနိုင်ငံ၌ အွန်လိုင်းလိမ်လည် မှု ၁၉၀၀၀၀ အထိရှိခဲ့ပြီး ငွေကြေးဆုံးရှုံးမှုတန်ဖိုး စင်ကာပူ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ၈ ဘီလီယံ) အထိ ရှိခဲ့သည်။စင်ကာပူနိုင်ငံသည် ဓားပြတိုက်လုယက်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ကျူးလွန်မှုကဲ့သို့သော ကြီးလေးသည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သောအသက် (၅၀)အောက် အမျိုးသားတရားခံများကို ကြိမ်ဒဏ်ဖြင့် အပြစ်ပေးမှုကျင့်သုံးလျက်ရှိသည်။



news-view-count-icon

18