စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့က ဒီဇင်ဘာ ၅ ရက်တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေး ရေးဂိတ်၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မုံအိုးရှစ်လုံးအပါအဝင် ဆက်စပ်ပစ္စည်းသုံးမျိုးစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၄၀,၀၀၀) ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ဒီဇင်ဘာ ၅ ရက်တွင် ဥသျှစ်ပင်မြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က နိုဝင်ဘာ ၂၇ ရက်တွင် တိုက်ကြီးမြို့နယ် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၇၂၀ တန်၊ အခြားသစ် ၀ ဒသမ ၅၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၀၂,၀၄၈) နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့် လိုင်စင်ရှိ Toyota Probox တစ်စီး၊ Toyota Townace တစ်စီး၊ Hyundai Porter II တစ်စီး၊ လိုင်စင်မဲ့ Toyota Voxy တစ်စီး၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၈,၄၀၂,၀၄၈ ကို လည်းဖမ်းမိခဲ့ပါတယ်။



