ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ရှိ တရုတ်နိုင်ငံသားလုပ်ငန်းရှင်ပိုင်ဆိုင်သော ကားအကူပစ္စည်းထုတ်စက်ရုံမှ တရားဝင် မြန်မာလုပ်သား ၁၇ ဦးမှာ ကြိုတင် အသိပေးမှုနှင့် အကြောင်းကြားမှု မရှိဘဲ အလုပ်ထုတ်ခံရကြောင်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့မှပြန်ကြားရေးတာဝန်ခံက ပြောပါသည်။တရားဝင် မြန်မာနိုင်ငံသား အလုပ်သမားများမှာ ကြားခံ အေဂျင်စီတစ်ခု အဆက်အသွယ်ဖြင့် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ် ကြောင်း၊ မြန်မာ အလုပ်သမားများ၏ လုပ်သက် ၅လ ကျော်ကြာမြင့်နေပြီဖြစ်ပြီး စက်ရုံမှ ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် အလုပ်ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။နစ်နာသူမြန်မာလုပ်သားများနှင့်အတူ ထိုင်းဘုရင့်နိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ ဆုံးရှူံးနစ်နာထားသည်များအပြည့်ဝရရှိသည်အထိ ရပ်တည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ထံမှ သိရှိရသည်။
ထိုင်းနိုင်ငံတွင် ကားအကူပစ္စည်းထုတ်စက်ရုံမှ တရားဝင် မြန်မာလုပ်သား ၁၇ ဦး ကြိုတင် အသိမပေးဘဲ အလုပ် ထုတ်ခံရ
Dec 21 • 3:26 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


