back

နေပြည်တော်တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းအမျိုး ၃၀ဖမ်းမိခဲ့

Dec 21 • 3:25 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းအမျိုး ၃၀ဖမ်းမိခဲ့

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် ခုနစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပ...

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် ခုနစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းအမျိုး ၃၀၊ လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၃၉၀,၃၈၀ ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်၊ ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁,၁၃၂,၄၂၈)ကို ဖမ်းဆီးရမိခဲ့သည်။နေပြည်တော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်တွင် ဥတ္တရသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့အတွင်း၌ တရားမဝင် အခြားသစ် ၉ ဒသမ ၀၀၉ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၉၅,၁၅၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

23