မြန်မာပြည်တွင်းရှိ SCHOLARS ၏ ခရစ်စမတ်ဂီတပွဲတော်တွင် SCHOLARS International School ၏ Early Year Leaners 1 မှ Year 7 အထိ ကျောင်းသားကျောင်းသူများက Christmas တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊ ကပြဖျော်ဖြေတင်ဆက်မှုများပြုလုပ်ခဲ့သည်။ ထို့ပြင် ဂီတမိတ်အဖွဲ့မှ မြန်မာဂန္တဝင်တေးဂီတများကို တီးခတ်သီဆိုဖျော်ဖြေခြင်း၊ SCHOLARS International School မှ ကျောင်းသားကျောင်းသူများနှင့် ဂီတမိတ်အဖွဲ့တို့ ပူးပေါင်း၍ တေးသီချင်း သီဆိုဖျော်ဖြေခြင်းများကို ပြုလုပ်ခဲ့ကြသည်။အဆိုပါ ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုပြီးနောက်တွင် ဂီတမိတ်အဖွဲ့မှ တေးဂီတ၊တူရိယာ ပညာရှင်များက စက်လဲပျော်ပါနိုင်၊ ဆယ်ရောင်ေ၀ တေးသီချင်း၊ Ode to joy ၊You’re my sunshine သီချင်း၊ Cannonn in D သီချင်းတို့ကို တီးခတ်သီဆိုဖျော်ဖြေခဲ့ကြသည်။
Dec 21 • 3:23 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


