စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၅ ရက်၊ ၆ ရက် နှင့် ၇ ရက်တို့တွင် စစ်ကိုင်းမြို့နယ် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း ခုနစ်မျိုး၊ လူသုံးကုန်ပစ္စည်း သုံးမျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၉၁၀,၀၀၀) နှင့် ရွှေဘိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၃,၀၀၀,၀၀၀)တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဟုမ္မလင်း မြို့နယ်လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် ရွှေဖြူ (၈၉) ကျပ်သား (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၅,၈၀၀,၀၀၀) ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၂၇၁၀,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင် ရွက်လျက်ရှိသည်။



