back

ပြည်တွင်း၌ သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

Dec 21 • 3:28 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင...

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း သတင်းမှန်အကြိမ် ၃၀ ရရှိပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ ၅၇ မှု၊ ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၉၈ ဒသမ ၀၃၀ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်‌တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။

သတင်းပေးတိုင်ကြားမှုများကြောင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်အပို ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့ပြီး၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း လျှို့ဝှက်ပေးထားမည်ဖြစ်ပြီး ဖမ်းဆီးရမိမှုခန့်မှန်း တန်ဖိုးငွေကျပ် ၂,၉၉၈ ဒသမ ၀၃၀ သန်း၏ ၂၀ ရာနှုန်းဖြစ်သော ငွေကျပ် ၅၉၉ ဒသမ ၆၀၆ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါတယ်။


news-view-count-icon

21