ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ရောင်းချမယ့် အစီအစဉ်ကို ခွင့်ပြုလိုက်တဲ့အတွက် အမေရိကန်ကို တရုတ်က ပြစ်တင် ဝေဖန်လိုက်ပြီး အဲဒီ သဘောတူညီမှုက ထိုင်ဝမ်ကို ယမ်းဗုံး တစ်လုံးလို ဖြစ်သွားစေနိုင်တဲ့ အန္တရာယ်ရှိပြီး ဒေသ တစ်ခုလုံးကို စစ်ရေးအရ ထိပ်တိုက် တွေ့စေနိုင်တဲ့ စစ်ပွဲ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် မြင့်တက်လာစေတယ်လို့ ပြောလိုက်ပါတယ်။အမေရိကန်ရဲ့ မကြုံစဖူး လက်နက် ရောင်းချမှု အတွင်း ATACMS တာဝေးပစ် ဒုံးကျည် ၄၂၀ နဲ့ အတူ HIMARS ဒုံးကျည်ပစ်စင် ၈၂ ခုလည်း ပါဝင်နေတာကြောင့် ထိုင်ဝမ်ဟာ သူတို့ရဲ့ ရေလက်ကြားကို ကျော်လွန်ပြီး တရုတ်နိုင်ငံ အတွင်းနက်နက်အထိ တိုက်ခိုက်နိုင်တဲ့ အနေအထားကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။အဲဒီ လက်နက်တွေအပြင် ဟောင်ဝိုင်ဇာ လက်နက်ကြီး ၆၀၊ မောင်းသူမဲ့စနစ်တွေ အပြင် စစ်သုံး ဆော့ဖ်ဝဲလ်တွေနဲ့ စစ်သုံးယာဉ် ဖျက်ဆီးရေး လက်နက်တွေလည်း ပါဝင်ပါတယ်။ထိုင်ဝမ်ခေါင်းဆောင်တွေက အင်အားကို အသုံးပြုပြီး လွတ်လပ်ရေး ရယူဖို့ ကြိုးပမ်းနေတယ်လို့ တရုတ်က စွပ်စွဲထားသလို အမေရိကန်က ဘေဂျင်းကို ထိန်းချုပ်ရေး ထိုင်ဝမ်ကို အသုံးချနေတယ်လို့လည်း စွပ်စွဲထားပါတယ်။lဒီမိုကရေစီ စနစ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်နိုင်စွမ်း တိုးမြှင့်ရေး အမေရိကန်က အခုလို လုပ်ဆောင်နေချိန်မှာ တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာနေ ပါတယ်။ထိုင်ဝမ်က ပြည်သူတွေ ခက်ခက်ခဲခဲ ရှာဖွေထားရတဲ့ ငွေတွေနဲ့ လက်နက်တွေ ဝယ်ယူနေတာ ဖြစ်တယ်လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကူအိုကျန်ကွန်က ပြောပါတယ်။ထိုင်ဝမ်ကို လွတ်လပ်ရေး ရရှိစေရေး အမေရိကန်က လက်နက်တွေ ရောင်းချမှုကြောင့် တန်ပြန် ရိုက်ခတ်မှုတွေ ရှိလာမှာ ဖြစ်ပြီး တရုတ်ကို ထိန်းချုပ်ဖို့ ထိုင်ဝမ်ကို အသုံးချမယ့် ဝါရှင်တန်ရဲ့ အစီအစဉ် အောင်မြင်မှာ မဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။



