ထိုင်းမှာနေသူတွေအနေနဲ့ အန္တရာယ်ရှိတဲ့ မီးခိုးတွေ၊ ဖုန်တွေကို နောက်အပတ် ဒီဇင်ဘာ ၂၆ အထိ ပိုရှူရနိုင်တယ်လို့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန (PCD) က ထုတ်ပြန်ထားပါတယ်။ လေထုထဲရှိနေတဲ့ ဖုန်တွေက PM2.5 ထက် ပိုများလာမှာဖြစ်ပြီး လိမ္မော်ရောင် အဆင့် သတ်မှတ်ထားတဲ့ ဒေသတွေက အရှေ့မြောက်ပိုင်း (Nong Khai, Khon Kaen, Nakhon Phanom, Kalasin, Maha Sarakham နဲ့ Yasothon) အလယ်ပိုင်း (Sing Buri, Saraburi, Ang Thong, Ayutthaya နဲ့ Samut Songkhram) က သူတွေ အဓိက ဂရုစိုက်သင့်ပါတယ်။ဘန်ကောက်နဲ့ အနီးတဝိုက်မှာတော့ 25.4 – 57.8 µg/m³ ရှိတဲ့အတွက် လိမ္မော်ရောင်အဆင့် ထုတ်ပြန်ထားပါတယ်။ လေထုညစ်ညမ်းတာက ဒီဇင်ဘာ ၂၆ အထိ ဆိုးရွားနိုင်တဲ့အတွက် မလိုအပ်ရင် အပြင်မထွက်ဖို့၊ စိုက်ခင်းမီးရှို့တာကို ရပ်နားဖို့နဲ့ လိုအပ်ရင် အများပြည်သူသုံးပို့ဆောင်ရေးတွေကနေ သွားဖို့ တိုက်တွန်းထားပြီး ကလေး၊ သက်ကြီးရွယ်အို၊ နာတာရှည်လူနာတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို အပြင်မထွက်ဖို့ နှိုးဆော်ထားပါတယ်။
Dec 21 • 2:04 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


