တရုတ်နိုင်ငံသည် ဘီလာရုစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အကျိုးဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဘီလာရုစ်သမ္မတ Alexander Lukashenko က မြို့တော် မင့်စ်ခ်၌ ပြောကြားခဲ့သည်။ အဆိုပါနေ့တွင် Lukashenko က ဘီလာရုစ်လွှတ်တော်နှင့် ပြည်သူများထံ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘီလာရုစ်နှင့် တရုတ်နိုင်ငံအကြား ကောင်းမွန်သောဆက်ဆံရေးကို ၎င်းက အထူးချီးကျူးခဲ့သည်။ တရုတ်နိုင်ငံသည် ဘီလာရုစ်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောအကူအညီများ ပေးအပ်ခဲ့ကြောင်း Lukashenko က ပြောကြားခဲ့သည်။



