back

တရုတ်နိုင်ငံက ပထမ ၁၁ လအတွင်း ကုန်တင်ရထားပို့ဆောင်မှု တည်ငြိမ်စွာ တိုးတက်လျက်ရှိ

Dec 21 • 2:02 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံက ပထမ ၁၁ လအတွင်း ကုန်တင်ရထားပို့ဆောင်မှု တည်ငြိမ်စွာ တိုးတက်လျက်ရှိ

တရုတ်နိုင်ငံ ရထားလုပ်ငန်း၏ ကုန်တင်ပို့ဆောင်မှုပမာဏမှာ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း တည်ငြိမ်စွာတိုးတက်မှုကို ထိန်းထားလျက်ရှိကာ စီးပွားရေးလုပ်ငန်း ထောက်ပံ့သယ်ပို့ဆေ...

တရုတ်နိုင်ငံ ရထားလုပ်ငန်း၏ ကုန်တင်ပို့ဆောင်မှုပမာဏမှာ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း တည်ငြိမ်စွာတိုးတက်မှုကို ထိန်းထားလျက်ရှိကာ စီးပွားရေးလုပ်ငန်း ထောက်ပံ့သယ်ပို့ဆောင်ရေးစရိတ်ကိုလည်း လျော့နည်းစေခဲ့ပြီး နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စွာလည်ပတ်နိုင်အောင် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းစနစ်က ယင်းကာလအတွင်း စုစုပေါင်း ကုန်စည်တန်ချိန် ၃.၇ ဘီလီယံ ပို့ဆောင်နိုင်ခဲ့ရာ ယမန်နှစ် ကာလတူထက် ၂.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရထားလုပ်ငန်းလုပ်ငန်းစု ကုမ္ပဏီလီမိတက်က ဒီဇင်ဘာ ၁၉ ရက်၌ ထုတ်ပြန်ခဲ့သည်။ တရုတ်-လာအိုရထားလမ်းက နိုင်ငံဖြတ်ကျော်သယ်ယူပို့ဆောင်ခဲ့သော ကုန်စည်ပမာဏမှာလည်း တန်ချိန် ၄.၉၈ သန်း ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

news-view-count-icon

15