စစ်ကိုင်းတိုင်း မုံရွာနဲ့ ချောင်းဦးမြို့နယ် ပဋိပက္ခနှင့်အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ ၂ သောင်းကျော်ဟာ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ monywa Revolution -MR က ပြောပါတယ်။အဆိုပါဒေသခံ ၂ သောင်းကျော်ဟာ မိုးကာ၊ စောင်နဲ့ အခြေခံစားသောက်ကုန်တွေကို အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။"တောင်ခြမ်းက ဒေသခံဦးရေက ၂ သောင်းကျော်ရှိတယ်။ ဆောင်းအခါလည်းဖြစ်တော့ အမိုးအကာ စောင် အနွေထည်တွေ အတော်လေး လိုအပ်နေတယ်။ ကူညီပေးသူလည်း အလွန်ကိုနည်းပါးလွန်းနေတယ်"ဟု ပြောပါတယ်။
Dec 21 • 2:02 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


