မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ပန်းပွဲတော်ကိုလည်ပတ်သူတွေများလို့ ဟိုတယ်အများစု အခန်းပြည့်နေကြောင်း သွားရောက်လည်ပတ်ကြမယ့်သူတွေက ပြောပါတယ်။ပြင်ဦးလွင်မြို့မှာ ပန်းပွဲတော် စတင်နေပြီဖြစ်ပြီး သွားရောက်လည်ပတ်သူတွေများလို့ ဒီဇင်ဘာလကုန်အထိ ဟိုတယ်အများစု အခန်းပြည့်နေတယ်လို့ သွားဖို့စီစဥ်နေသူတွေက ပြောပါတယ်။ "လကုန် သွားဖို့ ဘွတ်ကင်လုပ်တာ ဟိုတယ်တွေတော်တော်များများ ပြည့်နေတာ"လို့ အသက် ၂၀ ကျော်အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ဟိုတယ်တွေအပြင် တည်းခိုခန်းတွေ၊ လုံးချင်းအငှားတွေမှာပါ ကြိုတင်မှာယူထားသူတွေနဲ့ပြည့်နေတယ်လို့ သွားဖို့စုံစမ်းနေသူတွေဆီက သိရပါတယ်။ကရင်နှစ်သစ်ကူးနေ့ကစတင်ပြီး ရုံးပိတ်ရက် ၃ရက်ဆက်ဖြစ်တာကြောင့် ပြင်ဦးလွင်သွားရောက်သူများလို့ အနီးစခန်းအထိ ကားတွေပိတ်ခဲ့ကြောင်း သွားခဲ့သူတွေက ပြောပါတယ်။
Dec 21 • 2:01 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 11 | 0 | 0 | 0 |


