ရီးရဲလ်မက်ဒရစ် အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ၂၀၂၅ အတွက် နောက်ဆုံးပွဲ ဖြစ်တဲ့ ဆီဗီးလားနဲ့ လာလီဂါပွဲမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ပြင်သစ် စူပါစတား ကီလီယန် အမ်ဘတ်ပေက ရီးရဲလ်မက်ဒရစ် အတွက် တဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် အမ်ဘတ်ပေဟာ ၂၀၂၅ အတွင်း ပြိုင်ပွဲစုံ သွင်းဂိုး ၅၉ အထိ ရှိလာပြီ ဖြစ်ပါတယ်။ဒါဟာ ယခင် ရီးရဲလ်မက်ဒရစ် ဂန္တဝင် ပေါ်တူဂီစူပါစတား ခရစ်တီယာနို ရော်နယ်ဒို တင်ရှိခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုကို အမ်ဘတ်ပေ တယောက် လိုက်မီသွားခြင်း ဖြစ်ပါတယ်။
Dec 21 • 2:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


