တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ လီဖိန်ခရိုင်တွင် နိုင်ငံအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် တုန့်လူမျိုးတို့၏ နှစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဒေသအသီးသီးမှ ခရီးသွားဧည့်သည်များစွာ လာရောက်ဆင်နွှဲလျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် အဆိုပါပွဲတော်တွင် တုန့်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းများအတိုင်း ပျော်ရွှင်စွာ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
Dec 21 • 1:47 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


