back

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၂၀ အတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၂,၀၀၀ ကျော် ဖမ်းဆီးခံရ

Dec 21 • 1:44 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၂၀ အတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၂,၀၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်းရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း နေရာပေါင်း ၁၃,၀၀၀ ကျော်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင်နေထိုင်မှုနှင့် ရာဇဝတ်မှုကျူးလွန်မှုများ...

ထိုင်းရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း နေရာပေါင်း ၁၃,၀၀၀ ကျော်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင်နေထိုင်မှုနှင့် ရာဇဝတ်မှုကျူးလွန်မှုများဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသား အပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သား ၁၂,၈၃၂ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံရသူအများစုမှာ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အမှုတွဲပေါင်း ၆,၅၀၀ ခန့်ရှိကာ ထိုင်းအာဏာပိုင်များအနေဖြင့် လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများ တိုးမြှင့်လျက်ရှိသည်။ လက်ရှိတွင် ထိုင်းအစိုးရက ဘတ်ပန်းရောင်လက်မှတ်များ ထုတ်ပေးရန် ဆောင်ရွက်နေသော်လည်း တရားမဝင်လုပ်သားများအား ရှာဖွေဖမ်းဆီးမှုများကိုမူ နေ့စဉ်အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။

news-view-count-icon

23