back

‎ထိုင်းနဲ့ ကမ္ဘောဒီးယား ပြဿနာ ပြေလည်စေရေး အမေရိကန်နဲ့ တရုတ် အပြိုင်ကြိုးပမ်းနေ

Dec 21 • 1:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

‎ထိုင်းနဲ့ ကမ္ဘောဒီးယား ပြဿနာ ပြေလည်စေရေး အမေရိကန်နဲ့ တရုတ် အပြိုင်ကြိုးပမ်းနေ

ထိုင်းစစ်တပ်ရဲ့ စစ်ဆင်ရေး ပြုလုပ်တဲ့ နယ်မြေ ပိုမို ကျယ်ပြန့်လာနေပြီး နှစ်နိုင်ငံ နယ်စပ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန် ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာမ...

ထိုင်းစစ်တပ်ရဲ့ စစ်ဆင်ရေး ပြုလုပ်တဲ့ နယ်မြေ ပိုမို ကျယ်ပြန့်လာနေပြီး နှစ်နိုင်ငံ နယ်စပ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန် ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာမှုများ လျှော့ချရေး အမေရိကန်နဲ့ တရုတ်တို့က သံတမန်ရေးအရ လှုပ်ရှားမှုတွေ ဆက်တိုက်နီးပါး လုပ်ဆောင်နေကြပါတယ်။‎ဒေသတွင်း တည်ငြိမ်မှု ပြန်လည် ရရှိရေး ကြားဝင် ညှိနှိုင်းသူတွေ ကြိုးပမ်းနေချိန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးက အလျှော့ပေးမယ့်ပုံ မတွေ့ရသေးပါဘူး။‎အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ အမေရိကန်က ထိုင်းကို ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေကို နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပယ်ချထားပြီး ရန်လို တိုက်ခိုက်မှုတွေ ရပ်တန့်မယ်ဆိုရင် ကမ္ဘောဒီးယားဖက်က စတင်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

‎မိမိတို့ရဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ပါ့မယ်လို့ တရုတ်ကိုလည်း လုံးဝ ကတိမပေးထားကြောင်းနဲ့ အပစ်အခတ် ရပ်စဲဖို့ အတွက် အရင်က တောင်းဆိုထားတဲ့ အတိုင်းပဲ ဆက်လက် တောင်းဆိုထားတယ်လို့ သူက ဖြည့်စွက် ပြောကြားပါတယ်။‎ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ပြဿနာရဲ့ သဘောသဘာဝအရ စစ်ပွဲ ကျယ်ပြန့်လာမှာကို နိုင်ငံအများက စိုးရိမ်နေတယ်လို့လည်း ဆီဟာဆက်က ပြောပါတယ်။‎အမေရိကန်က မြေပြင်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပိုနားလည်နိုင်အောင် ကြိုးပမ်းနေပြီး တင်းမာမှု လျှော့ချနိုင်မယ့် နည်းလမ်းတွေကို လေ့လာနေသလို ကူညီပေးဖို့ အသင့်ရှိတယ်လို့ ပြောထားကြောင်း သူက ဖြည့်စွက် ပြောကြားပါတယ်။

news-view-count-icon

24