back

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းစာသင်ကျောင်း ၁,၀၀၀ ကျော် ယာယီပိတ်ထားရ

Dec 21 • 1:35 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းစာသင်ကျောင်း ၁,၀၀၀ ကျော် ယာယီပိတ်ထားရ

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းကြောင့် နယ်စပ်နှင့်ထိစပ်နေသည့် ခရိုင် ၇ ခုရှိ စာသင်ကျောင်းပေါင်း ၁,၀၆၀ ကိ...

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းကြောင့် နယ်စပ်နှင့်ထိစပ်နေသည့် ခရိုင် ၇ ခုရှိ စာသင်ကျောင်းပေါင်း ၁,၀၆၀ ကို ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၏ ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ ယာယီပိတ်ထားရန် ထိုင်းပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲများကြောင့် ဘူရီရမ်ခရိုင်အပါအဝင် နယ်စပ်ဒေသများမှ ကလေးငယ်များနှင့် ဒေသခံအများအပြားသည် ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်နေရပြီး၊ ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်မှစတင်ကာ နှစ်ဖက်ပဋိပက္ခများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

22