back

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Dec 21 • 1:34 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျီးပင်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၈ ရက်က ငွေကျပ်သိန်း ၂,၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀ ပြားက...

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျီးပင်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၈ ရက်က ငွေကျပ်သိန်း ၂,၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀ ပြားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါးများကို HONDA FIT အမျိုးအစား မော်တော်ယာဉ်တစ်စီးပေါ်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်မောင်းဖြစ်သူ ကိုကိုဇော် (ခ) ကိုဇော်နှင့် အတူလိုက်ပါလာသူ မြတ်ကျော်တို့နှစ်ဦးအား ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးဥပဒေဖြင့် အမှုဖွင့်ကာ ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

19