ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်ပဋိပက္ခများ တစ်ကျော့ပြန်ပြင်းထန်လာရာ ထိုင်းလေတပ်က F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယားစစ်ရေးပစ်မှတ်များနှင့် အဓိကထောက်ပို့လမ်းကြောင်းဖြစ်သော အိုချစ်တံတားကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ အငြင်းပွားနေသည့် တောင်ကုန်းအမှတ် (၃၅၀) နှင့် ထမော်ဒါကာစီနိုရုံတို့ကိုလည်း ထိုင်းစစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ထိုင်းအစိုးရက ၎င်းတို့သတ်မှတ်ထားသည့် ငြိမ်းချမ်းရေးဆိုင်ရာ အချက် ၃ ချက်ကို ကမ္ဘောဒီးယားဘက်မှ လက်မခံမချင်း စစ်ဆင်ရေးများကို ရပ်တန့်မည်မဟုတ်ကြောင်း သတိပေးထားပြီး၊ လက်ရှိတိုက်ပွဲများအတွင်း ကမ္ဘောဒီးယားစစ်သားများနှင့် ထိုင်းအရပ်သား ၂၀ ကျော် သေဆုံးကာ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ရှေးဟောင်းသမိုင်းဝင်နေရာများ၌ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များက အရပ်သားများကို လူသားတံတိုင်းသဖွယ် အသုံးပြုနေကြောင်း ထိုင်းစစ်တပ်ဘက်က စွပ်စွဲထုတ်ပြန်ထားသည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲ ပြင်းထန်နေပြီး ထိုင်းလေတပ်က လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်တင်
Dec 21 • 1:33 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


