မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့တွင် ကျင်းပသည့် ဒီဇင်ဘာလူထုအားကစား (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ၌ ပါဝင်ဆင်နွှဲခဲ့ကြသည်။ အဆိုပါလမ်းလျှောက်ပွဲကို မောရဝတီပန်းခြံရှေ့မှ စတင်ကာ မြို့တွင်းလမ်းများတစ်လျှောက် ရာမညအားကစားကွင်းအထိ လမ်းလျှောက်ခဲ့ကြပြီး၊ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၊ သူနာပြုသင်တန်းကျောင်းနှင့် အားကစားနှင့်ကာယသိပ္ပံကျောင်းတို့မှ လူဦးရေအများအပြား စုပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မော်လမြိုင်မြို့တွင် ဒီဇင်ဘာလူထုအားကစား (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 21 • 1:36 AM
မြန်မာ
မွန်
မျှဝေမည်
| 20 | 0 | 0 | 0 |


