မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂ (EU) နိုင်ငံများသို့ ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက် စာချုပ်ချုပ်ဆိုမှုများ ပြီးစီးပြီဖြစ်သဖြင့် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်သူများအသင်းမှ သိရသည်။ အဆိုပါတင်ပို့မှုတွင် ပေါင်းဆန်အသွယ်နှင့် ငါးမှတ်ဆန်ဖြူ အမျိုးအစားများကို အဓိကထား တင်ပို့မည်ဖြစ်ပြီး၊ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံမှ နွေစပါးအသစ်ဖြစ်သည့် ဧည့်မထအသွယ်စပါးများကို ဝယ်ယူရန်ရှိနေသဖြင့် စပါးစိုက်တောင်သူများအတွက် ဈေးကွက်အခွင့်အလမ်းသစ်များ ရရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ဆန်ဖြူနှင့် ပေါင်းဆန်တန်ချိန် စုစုပေါင်း ရှစ်သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။
Dec 21 • 1:29 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


