ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီတော်မြတ်ကြီးရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက စေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးပြည်သူများ စုပေါင်း၍ ဒါနဥပပါရမီ သွေးလှူဒါန်းပွဲ ကျင်းပခဲ့ရာ သွေးပုလင်းစုစုပေါင်း (၁၂၃) ပုလင်း ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်သို့ လွှဲပြောင်းလှူဒါန်းခဲ့သည်။ အဆိုပါ သွေးလှူဒါန်းပွဲတွင် စေတီတော်ဂေါပကအဖွဲ့နှင့် အလှူရှင်များက သွေးလှူရှင်များအား အာဟာရမုန့်များ၊ အချိုရည်များနှင့် အမှတ်တရလက်ဆောင်များကို ဂုဏ်ပြုကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဗိုလ်တထောင်စေတီတော်တွင် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပပြီး သွေးပုလင်း ၁၂၀ ကျော် လှူဒါန်းနိုင်ခဲ့
Dec 21 • 1:28 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 28 | 0 | 0 | 0 |


