back

စင်ကာပူတွင် ငွေကြေးလိမ်လည်သူများကို အနည်းဆုံး ကြိမ်ဒဏ် ၆ ချက် မဖြစ်မနေချမှတ်မည်

Dec 21 • 1:30 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် ငွေကြေးလိမ်လည်သူများကို အနည်းဆုံး ကြိမ်ဒဏ် ၆ ချက် မဖြစ်မနေချမှတ်မည်

စင်ကာပူနိုင်ငံ၌ ငွေကြေးလိမ်လည်မှုများအား ထိရောက်စွာဟန့်တားရန်အတွက် ပြင်ဆင်လိုက်သည့် ရာဇဝတ်မှုဥပဒေသစ်မှာ ဒီဇင်ဘာ ၃၀ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး လိမ်လည်သူများန...

စင်ကာပူနိုင်ငံ၌ ငွေကြေးလိမ်လည်မှုများအား ထိရောက်စွာဟန့်တားရန်အတွက် ပြင်ဆင်လိုက်သည့် ရာဇဝတ်မှုဥပဒေသစ်မှာ ဒီဇင်ဘာ ၃၀ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး လိမ်လည်သူများနှင့် ပါဝင်ပတ်သက်သူများကို အနည်းဆုံး ကြိမ်ဒဏ် ၆ ချက်မှ အများဆုံး ၂၄ ချက်အထိ မဖြစ်မနေ ချမှတ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း လိမ်လည်မှုပေါင်း ၁၉၀,၀၀၀ ခန့်ဖြစ်ပွားခဲ့ကာ စင်ကာပူဒေါ်လာ ၃ ဒသမ ၇ ဘီလီယံအထိ ဆုံးရှုံးခဲ့ရသဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်များ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ဥပဒေသစ်အရ ဘဏ်ကတ်များပေးသုံးခြင်း၊ Singpass အချက်အလက်များပေးခြင်းနှင့် ငွေကြေးခဝါချခြင်းတို့တွင် ပူးပေါင်းပါဝင်သူများသည်လည်း ကြိမ်ဒဏ် ၁၂ ချက်အထိ အပြစ်ပေးခံရနိုင်ကြောင်း သိရသည်။

news-view-count-icon

53