နေပြည်တော်တွင် အိမ်ဝိုင်းခြံမြေများ ဈေးချရောင်းနေသူများရှိလာကြကြောင်း အိမ်ဝိုင်းခြံမြေရောင်းဝယ်ရေးနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။ နေပြည်တော်ရဲ့ အိမ်ခြံမြေ ဈေးကျမယ်လို့ ပြောခဲ့သားပဲခုတော့ ဈေးချရောင်းကုန်ကြပြီ၊ ချရောင်းတယ်ဆိုတာ ငွေလိုသူက ကြာရှည်တောင့်မခံနိုင်တော့ဘူး ဒါကြောင့် ဈေးချရောင်းလာကြတာငွေ မလိုပါဘူး ဆိုတဲ့သူကတော့ ဈေးချမရောင်းဘူး စိတ်ချ ဈေးတောင်တက်ချင် တက်ရောင်းအုံးမယ် ဒီကာလမှ ဈေးတက်ရောင်းရင်တော့ အရောင်းခက်ခဲမယ် ကြာမယ် မထွက်မခြင်း စောင့်ရောင်းပေါ့" ဟု၎င်းကပြောသည်။ ယခင်ကသိန်း(၂,၅၀၀ )ရောင်းမည်ဟုဈေးအော်ထားသူများ အခုသိန်း (၂,၃၀၀ ) နှင့် ရောင်းနေကြပြီး ငွေပိုနေသူများ ဝယ်ထားသင့်ကြောင်းလည်း သိရသည်။



