အနောက်နိုင်ငံများအနေနဲ့ ရုရှားနိုင်ငံအပေါ် လေးလေးစားစား ဆက်ဆံမယ် ဆိုရင် နောက်ထပ်စစ်ပွဲများ ထပ်မံဖြစ်ပွားလာစရာ အကြောင်းမရှိတော့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ 'Direct Line' နှစ်ပတ်လည် အမေးအဖြေအစီအစဉ်မှာ ထည့်သွင်းပြောကြားတာဖြစ်ပါတယ်။ရုရှားနိုင်ငံအနေနဲ့ ဥရောပနိုင်ငံများကို တိုက်ခိုက်ရန် ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်များဟာ အခြေအမြစ်မရှိကြောင်း၊ စစ်ဆင်ရေးသစ်များ ထပ်မံပေါ်ပေါက်မလာစေရန်အတွက် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားများကို အပြန်အလှန် လေးစားရန် လိုအပ်ကြောင်း၊ ရုရှားအနေဖြင့် ဥရောပနှင့် စစ်ဖြစ်ရန် အစီအစဉ်မရှိသော်လည်း၊ အနောက်အုပ်စုဘက်ကသာ စစ်ပွဲကို လိုလားပါက တိုက်ခိုက်ရန် အမြဲအသင့်ရှိနေကြောင်း သတိပေးခဲ့ပါတယ်။



