back

ယခုနောက်ပိုင်း YPS စက်တပ်ဆင်မှုကို ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများကြားတွင် တိုးချဲ့လုပ် ဆောင်နေသော်လည်းကတ်သုံးမရသည့် ယာဉ်များ ပိုများပြားလာ

Dec 20 • 4:43 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ယခုနောက်ပိုင်း YPS စက်တပ်ဆင်မှုကို ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများကြားတွင် တိုးချဲ့လုပ် ဆောင်နေသော်လည်းကတ်သုံးမရသည့် ယာဉ်များ ပိုများပြားလာ

ယခုနောက်ပိုင်း YPS စက်တပ်ဆင်မှုကို ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများကြားတွင် တိုးချဲ့လုပ် ဆောင်နေသော်လည်း ကတ်သုံးမရသည့် ယာဉ်များလည်း ယခင်ကထက်ပိုများလာ‌ကြောင်း ...

ယခုနောက်ပိုင်း YPS စက်တပ်ဆင်မှုကို ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများကြားတွင် တိုးချဲ့လုပ် ဆောင်နေသော်လည်း ကတ်သုံးမရသည့် ယာဉ်များလည်း ယခင်ကထက်ပိုများလာ‌ကြောင်း ကိုယ် တိုင်ကြုံရသော ခရီးသွားများထံမှ သိရသည်။“ဂိတ်ကစထွက်တော့ စက်ပျက်နေတယ်ပြောပြီး လမ်းတစ်ဝက်ရောက်မှ စက်ကိုဖွင့်တာမျိုး တွေ့ရပါ တယ်” ဟုလည်း ခရီးသည်တစ်ဦးက ပြောသည်။လက်ရှိတွင် YPS စက်များကို ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ရှိ ယာဉ်များတွင် တပ်ဆင်ထားပြီး အသုံး ပြုနိုင်ရန်စီစဉ်လာသော်လည်း ရန်ကုန်မြို့အတွင်း ခရုပတ်ပြေးဆွဲနေသော ယာဉ်လိုင်းသုံးလိုင်းအနက်တွင် YBS ယာဉ်လိုင်းတစ်လိုင်းမှာ ငါးနှစ်ဝန်းကျင်လောက်ကြာမြင့်သည်အထိ ကတ်တပ်ဆင်မှုမရှိသေးကြောင်းလည်း ခရီးသည်များက ဆိုထားကြသည်။အချို့သော ယာဉ်လိုင်းများတွင် ကားကျပ်သည့်အချိန်မျိုးတွင် စက်ပျက်သည်ဟုဆိုခြင်းကြောင့် ကတ် လည်းသုံးမရဘဲ ကားပေါ်တွင် ကျပ်ညပ်နေသည့်ကြားမှ ငွေအကြွေလဲလှယ်ရနေသောအဖြစ်မျိုးကြုံရပြီး အခက်အ ခဲကြုံခြင်းများလည်း ရှိခဲ့ကြသည်။တချို့ကားသမားတွေက ကတ်နဲ့စီးတာကို မကြိုက်ချင်ကြဘူး၊ ကျွန်မတို့ကလည်း အကြွေလဲ ရတာ ခက်လို့ ဒီကတ်ကို ငွေတစ်သောင်းပေးပြီး ဝယ်ထားရတာ”ဟု ခရီးသည်တစ်ဦးက ပြောသည်။ထိုယာဉ်စီးခကတ်မှာ ယခင်က ကတ်တန်ဖိုး ၂,၀၀၀ ကျပ်သာကျသင့်သော်လည်း နောက်ပိုင်း ၄,၀၀၀ ကျပ်၊ အထိမ်းအမှတ် ဒီဇိုင်းများဖြင့် ပုံဖော်ထားသည့်ကတ်မှာ ၅,၀၀၀ ကျပ်ဖြင့် ရောင်းချလာပြီး ယခုအခါ ကတ်တန်ဖိုးကို ၁၀,၀၀၀ ကျပ်အဖြစ် ရောင်းချလျက်ရှိကြောင်း သိရသည်။


news-view-count-icon

30