back

ဦးနှောက်ကာလအပိုင်းအခြား(၅)ခုကို သိပ္ပံပညာရှင်များတွေ့ရှိလာ

Dec 20 • 4:36 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဦးနှောက်ကာလအပိုင်းအခြား(၅)ခုကို သိပ္ပံပညာရှင်များတွေ့ရှိလာ

လူသားဦးနှောက် ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ကာလအပိုင်းအခြားကြီး ၅ ခုကို သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။ အသက် ၁ နှစ်မှ ၉၀ နှစ်ကြား လူပေါင်း ၄ ထောင်နီးပါးရဲ့ ဦးန...

လူသားဦးနှောက် ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ကာလအပိုင်းအခြားကြီး ၅ ခုကို သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။ အသက် ၁ နှစ်မှ ၉၀ နှစ်ကြား လူပေါင်း ၄ ထောင်နီးပါးရဲ့ ဦးနှောက်ဓာတ်မှန်တွေဖြင့် အာရုံကြောချိတ်ဆက်မှုတွေနဲ့ ဘဝတလျှောက် ဆင့်ကဲပြောင်းလဲပုံကိုလေ့လာခဲ့ကြပါတယ်။ ဦးနှောက်ဖွဲ့စည်းမှုက အသက် ၉ နှစ်၊ ၃၂ နှစ်၊ ၆၆ နှစ်၊ ၈၃ နှစ်တို့မှာ လမ်းကြောင်းပြောင်းလဲတတ်ပြီး ကာလ ၅ ခု ကွဲသွားပါတယ်။ ဦးနှောက်ဟာ ထိုကာလအပိုင်းအခြား ၅ ခုကို ဖြတ်သန်းကြတယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒွန်ကန်အက်စ်တယ်က ပြောပါတယ်။ ဒါဟာ အလှည့်အပြောင်းတွေထဲက တစ်ခုဖြစ်ပြီး ချိတ်ဆက်မှုတွေအကြောင်း သိလာစေမယ်လို့ ဆိုပါတယ်။

news-view-count-icon

20