သီလဝါဆိပ်ကမ်းက သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံကနေ ကနဦးအနေနဲ့ လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကနေ သိရပါတယ်။ဒီဇင်ဘာလ ၁၇ ရက်မှ စတင်ထုတ်လုပ်ပေးနေတာဖြစ်ပြီး LNG သုံး စက်ရုံတွေဖြစ်တဲ့ သီလဝါနဲ့ သာကေတ စီမံကိန်းတွေကနေ စုစုပေါင်း ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။သီလဝါစီမံကိန်းအနေနဲ့ MCV ဆိပ်ခံတံတားမှာ ဆိုက်ကပ်ထားတဲ့ သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော (FSU) မှာ သိုလှောင်ထားတဲ့ LNG ဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြန်လည်ပြုပြင်သောစက်ရုံ (Regasification Unit) ထဲ ပိုက်လိုင်းတွေနဲ့ ပေးပို့ပြီး သဘာဝဓာတ်ငွေ့အဖြစ် ပြန်လည်ပြုလုပ်ကာ ဓာတ်အားတွေ ထုတ်လုပ်လျက်ရှိတာပါ။သဘာဝဓာတ်ငွေ့ရည် (LNG) က ဈေးနှုန်းကြီးမားတဲ့ စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့အတွက် လေလွင့်မှု နည်းပါးအောင် ဆောင်ရွက်ကြဖို့လည်း ကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့ပါတယ်။သန်လျင် ၂၀၀ မဂ္ဂါဝပ်နဲ့ သာကေတ ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကို Everest Energy Solution Ltd. နဲ့ CNTIC Vpower Group Holding Ltd. တို့က အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ကာသီလဝါ LNG စီမံကိန်းမှ ဓာတ်အား ၁၅၀ မဂ္ဂါဝပ် ရရှိနေတာကြောင့် ညနေ ၆ နာရီမှ ည ၁၁ နာရီအတွင်း Plan Load ဆောင်ရွက်မှာဟုတ်ဘဲ ဓာတ်အားရရှိနေမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရင်းမြစ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ထိုင်းအစိုးရပိုင် စွမ်းအင်ကော်ပိုရေးရှင်း PTTEP International ကို မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားပါတယ်။



