back

ဝိုင်းမော်မြို့၌ (၂၂၉၀) ပြည့်နှစ် လော်ဝေါ်အမျိုးသားနှစ်သစ်ကူးနေ့ ဆုတောင်းပွဲ အခမ်းအနား ကျင်းပ

Dec 20 • 4:01 AM

breaking-news

မြန်မာ

ကချင်

cover

ဝိုင်းမော်မြို့၌ (၂၂၉၀) ပြည့်နှစ် လော်ဝေါ်အမျိုးသားနှစ်သစ်ကူးနေ့ ဆုတောင်းပွဲ အခမ်းအနား ကျင်းပ

ကချင်မျိုးနွယ်စုဝင် လော်ဝေါ်တိုင်းရင်းသားတို့၏ (၂၂၉၀) ပြည့်နှစ်မြောက် နှစ်သစ်ကူးအထိမ်းအမှတ် ဆုတောင်းပွဲကို ဒီဇင်ဘာ ၁၉ ရက်က ဝိုင်းမော်မြို့ရှိ လော်ဝေါ်စာပေနှင့် ...

ကချင်မျိုးနွယ်စုဝင် လော်ဝေါ်တိုင်းရင်းသားတို့၏ (၂၂၉၀) ပြည့်နှစ်မြောက် နှစ်သစ်ကူးအထိမ်းအမှတ် ဆုတောင်းပွဲကို ဒီဇင်ဘာ ၁၉ ရက်က ဝိုင်းမော်မြို့ရှိ လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားကာ ထောက်ပံ့ငွေ ကျပ်သိန်း ၂၀ ပေးအပ်ခဲ့သည်။ အခမ်းအနားတွင် လော်ဝေါ်လူငယ်များက ရိုးရာတေးသီချင်းများ၊ သမိုင်းကြောင်းကဗျာများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဝန်ကြီးက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရင်း ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းပါဝင်ရန် တိုက်တွန်းခဲ့သည်။ "မြောက်အရပ်မှ ဧရာမလူအုပ်ကြီး" ဟု အဓိပ္ပာယ်ရသည့် လော်ဝေါ်မျိုးနွယ်စုသည် ၎င်းတို့၏ သမိုင်းနှင့် ဘာသာစကားကို ဗျူချောင်ဇိန်သက္ကရာဇ်အရ ယနေ့တိုင် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြကြောင်း သိရသည်။

news-view-count-icon

17