ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုများ၏ အရင်းအမြစ်မဟုတ်သလို အကျိုးအမြတ်ရရှိနေခြင်းလည်းမရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ မူဝါဒအရ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ဒီဇင်ဘာ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ လိမ်လည်မှုမှရရှိသော ငွေကြေးများမှာ မြန်မာ့ဘဏ်စနစ်အတွင်း ရောက်ရှိခြင်းမရှိကြောင်းနှင့် နယ်စပ်မှ တရားမဝင်ဝင်ရောက်လာသူများကြောင့်ဖြစ်ပေါ်သည့် အွန်လိုင်းလိမ်လည်မှုကွန်ရက်များကို နိုင်ငံတကာနှင့်ပူးပေါင်းကာ ထိရောက်စွာဖြိုခွင်းသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Dec 20 • 4:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


